အသင်းအမည် | Manchester City Football Club | |||
---|---|---|---|---|
အခြားအမည် | The Citizens, The Blues, City | |||
တည်ထောင်နှစ် | ၁၈၈၀ as St Mark's (West Gorton) | |||
အိမ်ကွင်း | City of Manchester Stadium (လူဝင်ဆံ့မှု: 47,726[၁]) | |||
ပိုင်ရှင် | Sheikh Mansour bin Zayed Al Nahyan | |||
ဥက္ကဋ္ဌ | Khaldoon Al Mubarak | |||
မန်နေဂျာ | ပက် ဂဝါးဒရီယိုးလာ | |||
ကစားသည့်လိဂ် | ပရီးမီးယားလိဂ် | |||
၂၀၂၂-၂၃ | ပရီးမီးယားလိဂ်၊ ချန်ပီယံ | |||
ဝက်ဘ်ဆိုဒ် | ||||
| ||||
လက်ရှိ ရာသီ |
မန်ချက်စတာ စီးတီး ဘောလုံးကလပ်သည် အင်္ဂလိပ် ပရီးမီးယားလိဂ်တွင် ကစားသော ဘောလုံးကလပ် တစ်ခုဖြစ်ပြီး မန်ချက်စတာမြို့ ကစားကွင်းတွင် အခြေစိုက်သော အသင်းဖြစ်သည်။
၁၈၈၀ ခုနှစ်တွင် စိန့်မတ်ခ် (ဝက်စ် ဂေါ်တွန်) (St. Mark's (West Gorton)) အမည်ဖြင့် စတင်တည်ထောင်ခဲ့ပြီး ၁၈၈၇ ခုနှစ်တွင် အာ့ဒ်ဝစ်ခ် အသင်း (Ardwick Association) အမည် ဖြစ်လာကာ ၁၈၉၄ ခုနှစ်တွင်မှ လက်ရှိ အမည်သို့ ပြောင်းလဲခဲ့သည်။
ကလပ်၏ အအောင်မြင်ဆုံး အချိန်ကာလများမှာ ၁၉၆၀ ခုနှစ်များ နှောင်းပိုင်း နှင့် ၁၉၇၀ နှစ်များ အစောပိုင်းတို့ ဖြစ်ပြီး ထိုအချိန်များတွင် သူတို့သည် လိဂ် ချန်ပီယံရှစ်၊ အက်ဖ်အေဖလား၊ လိဂ်ဖလားတို့ကို ရရှိခဲ့သည်။ ထိုအချိန်က အသင်းအုပ်ချုပ်သူများမှာ ဂျိုးမာဆာနှင့် မယ်လ်ကွန် အယ်လစ်ဆန် တို့ဖြစ်ပြီး နာမည်ကျော် ကစားသမားများမှာ ကောလင်းဘဲလ်၊ မိုက်ခ် ဆမ်းမားဘီး နှင့် ဖရန်စစ် လီး တို့ ဖြစ်ကြသည်။
၁၉၇၆ ခုနှစ် လိဂ်ဖလား ရရှိပြီးသည့် နောက်ပိုင်းတွင် ကလပ် အနေနှင့် နာမည်ကျော် ဖလား တစ်ခုမှ မရရှိတော့ပေ။ ၁၈၈၀ ခုနှစ် ကလပ် စတင်တည်ထောင်သည့် အချိန်မှစ၍ ဖလားမရသည့် နှစ် အကြာရှည်ဆုံး ကာလပင် ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်များတွင် ၃ နှစ်အတွင်း နှစ်ကြိမ်မျှ အောက်တန်း ဆင်းရပြီး ၁၉၉၈-၉၉ ခုနှစ်တွင် ၁၃၁ ခုနှစ် ကလပ် သမိုင်းကာလ အတွင်း ပထမဆုံး နှင့် တစ်ကြိမ်တည်းသော အကြိမ်အဖြစ် တတိယတန်းတွင် ကစားခဲ့ရသည်။ ထိုအချိန်မှစ၍ ကလပ်၏ ခြေစွမ်းပြန်တက်လာခဲ့ပြီး သူတို့၏ သမိုင်းကြောင်းတွင် တောက်ပခဲ့သော အချိန်ကာလများ တွင် ရှိခဲ့သော ခြေစွမ်းကဲ့သို့ ပြန်ဖြစ်လာခဲ့သည်။
၂၀၀၈ ခုနှစ် ဩဂတ်လတွင် အဘူဒါဘီယူနိုက်တက်အုပ်စုမှ ဝယ်ယူခဲ့ပြီးနောက် ကမ္ဘာအချမ်းသားဆုံးကလပ်အသင်းဖြစ်လာခဲ့သည်။ မန်ချက်စတာ စီးတီးအသင်းသည် ၂၀၁၁ခုနှစ်တွင် ချန်ပီယံလိဂ်ဖလားဝင်ခွင့်ရရှိခဲ့ပြီး ရာသီကုန်တွင် အက်ဖ်အေ ဖလားကိုရယူနိုင်ခဲ့သည်။ ၂၀၁၁-၁၂ ဘောလုံးရာသီတွင် မန်ချက်စတာ စီးတီးအသင်းသည် နှစ်ပေါင်း(၄၄) နှစ်ကြာဝေးကွာနေသော ပရီးမီးယားလိဂ် ဖလားကိုရယူနိုင်ခဲ့သည်။
Note: Flags indicate national team as defined under FIFA eligibility rules. Players may hold more than one non-FIFA nationality.
|
|
Note: Flags indicate national team as defined under FIFA eligibility rules. Players may hold more than one non-FIFA nationality.
|
|