Chanel Fragrance & Beauty boutique, Miami | |
အမျိုးအစား | ပုဂ္ဂလိကပိုင် |
---|---|
လုပ်ငန်း | ဖက်ရှင် |
တည်ထောင်သည့်နှစ် | ၁၉၁၀ပဲရစ်မြို့တွင်[၁] |
ဌာနချုပ် | 5 Barlow Place London, W1J 6DG United Kingdom 51°30′38″N 0°08′36″W / 51.51054°N 0.1432786°Wကိုဩဒိနိတ်: 51°30′38″N 0°08′36″W / 51.51054°N 0.1432786°W |
တည်နေရာ | အရောင်းဆိုင်ပေါင်း ၅၀၀ ကျော်[၂] |
ဝန်ဆောင်မှု ဧရိယာ | ကမ္ဘာအနှံ့ |
အရေးပါ ပုဂ္ဂိုလ်များ |
|
ထုတ်ကုန်ပစ္စည်း |
|
ဝင်ငွေ | US$၁၅.၆ billion (၂၀၂၁)[၂] |
အသားတင် ဝင်ငွေ | US$4.0 billion (2021)[၂] |
အလုပ်သမားဦးရေ | 28,500[၂] |
ဝက်ဘ်ဆိုက် | chanel.com |
ရှနဲလ် (အင်္ဂလိပ်: Chanel, /ʃəˈnɛl/ SHƏ-nel; ပြင်သစ်: Chanel, ( )) သည် ပြင်သစ် ဇိမ်ခံ ဖက်ရှင်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်ပြီး Coco Chanel မှ ပဲရစ်မြို့တွင် ၁၉၁၀ ခုနှစ်၌ တည်ထောင်ခဲ့သည်။ ၎င်းကို Wertheimer မိသားစုမှ သီးသန့်ပိုင်ဆိုင်ပြီး ရုံးချုပ်အား လန်ဒန်မြို့သို့ ၂၀၁၈ ခုနှစ်မှစ၍ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။
ရှနဲလ် သည် အမျိုးသမီး ရယ်ဒီမိတ် အဝတ်အစားများ၊ ဇိမ်ခံပစ္စည်းများနှင့် အသုံးအဆောင်များကို အထူးပြု ထုတ်လုပ်ပြီး[၃] Luxottica သို့ ၎င်း၏အမည်အမှတ်တံဆိပ်ဖြင့် မျက်မှန် ထုတ်လုပ်ခွင့်လိုင်စင်အား ထုတ်ပေးထားသည်။[၄] ရှနဲလ် သည် ၎င်း၏နာမည်ကြီးထုတ်ကုန်များဖြစ်သော Chanel No. 5 ရေမွှေးနှင့် "Chanel Suit" တို့ဖြင့် လူသိများကျော်ကြားသည်။[၅][၆]
၁၉၂၄ ခုနှစ်တွင် Pierre Wertheimer သည် ရေမွှေးနှင့် အလှကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချရန် Parfums Chanel ကို တည်ထောင်ခဲ့သည်။ နံ့သာရည်သည် Chanel SA ကော်ပိုရေးရှင်း၏ အမြတ်အစွန်းအရှိဆုံး လုပ်ငန်းခွဲတစ်ခုဖြစ်ကြောင်း သက်သေပြခဲ့သည်။[၇][၈] စတင်တည်ထောင်ချိန်မှစပြီး Parfumerie Chanel သည် အောက်ပါ ရေမွှေးပညာရှင် လေးဦးဖြင့် လုပ်ကိုင်ခဲ့သည် -
Allure homme edition blanche
Chanel ထုတ်ကုန်များထဲ၌ အလှကုန်ပစ္စည်းများသည် ကမ္ဘာတစ်ဝန်းရှိ ဆိုင်ခွဲများတွင် အလွယ်တကူ ဝယ်ရရှိနိုင်ဆုံးသော ထုတ်ကုန်များဖြစ်သည်။[၁၀]
Chanel 'High Jewellery' ကို ၁၉၃၂ ခုနှစ် နိုဝင်ဘာလတွင် တည်ထောင်ခဲ့သည်။ ရှနဲလ် သည် သူ၏ ပဲရစ်မြို့ရှိ စံအိမ်တွင် 'Bijoux de Diamants' လက်ဝတ်ရတနာပြပွဲကို ပွဲဦးထွက် ကျင်းပခဲ့သည်။[၁၂] ၂၀၁၂ ခုနှစ်တွင် ကုမ္ပဏီသည် Diamants ၏ ၈၀ ကြိမ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုရန်အတွက် လက်ဝတ်ရတနာ အထူးစုစည်းပြသမှုကို ဖန်တီးခဲ့သည်။[၁၃]
ဤအပိုင်းမှာ ဗလာဖြစ်နေသည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
ရှနဲလ် သည် ဝိုင်စက်ရုံများဖြစ်သော Château Rauzan-Ségla၊ Château Canon၊ St. Supéry Estate Vineyards & Winery နှင့် Domaine de i'lle တို့ကို ပိုင်ဆိုင်ထားသည်။