ရှနိုင်းယား ထွိန်း OC | |
---|---|
၂၀၁၁ ဂျူးနိုဆုပေးပွဲ၌ ဆုရရှိသော ထွိန်း | |
မွေးဖွား | အိုင်လီးန် ရက်ဂျီးနား အက်ဒ်ဝါ့ဒ်စ် ဩဂုတ် ၂၈၊ ၁၉၆၅ ကနေဒါနိုင်ငံ၊ အောန်တားရီးယို ဝင်ဆာမြို့။ |
ဌာနေ | ဆွစ်ဇာလန်နိုင်ငံ၊ ကောဆိုမြို့ |
အလုပ်အကိုင် |
|
တက်ကြွလှုပ်ရှားနှစ်များ | ၁၉၈၃ – လက်ရှိ |
အိမ်ထောင်ဖက်(များ) | Robert John "Mutt" Lange (လက်ထပ် 1993; ကွာရှင်း 2010) Frédéric Thiébaud (လက်ထပ် 2011) |
သားသမီး | ၁ဦး |
ရရှိသည့်ဆုများ | ရရှိခဲ့သောဆုများ အပြည့်အစုံကြည့်ရန် |
ဂီတခရီးလမ်း | |
မူလတိုင်းပြည် | ကနေဒါနိုင်ငံ၊ အောန်တားရီးယို၊ တင်းမင်းစ်။ |
ဂီတဟန် |
|
တူရိယာ |
|
တေးသံသွင်း ကုမ္ပဏီ | Mercury Nashville |
ဝက်ဘ်ဆိုက် | shaniatwain.com |
ရှနိုင်းယား ထွိန်း (အင်္ဂလိပ်: Shania Twain) (မွေးဖွား : ၁၉၆၅-ဩဂုတ်-၂၈) သည် ကနေဒါလူမျိုးအဆိုတော်၊ တေးရေးသူတစ်ဦးဖြစ်၏ ။ အခွေပေါင်း သန်း(၁၀၀)ကျော်ရောင်းချခဲ့ရသဖြင့် တေးသီချင်း/အခွေရောင်းအား အကောင်းဆုံးသောအနုပညာရှင်များထဲတွင် ပါဝင်ခဲ့ကာ ကန်းထရီးအမျိုးသမီးအဆိုရှင်များ၌ ရောင်းအားအကောင်းဆုံး အနုပညာရှင်ဖြစ်သည်။[၁][၂][၃] သူမ၏အောင်မြင်မှုများကြောင့် ကန်းထရီးပေါ့ပ်ဂီတ ဘုရင်မ အဖြစ်တင်စားခြင်းခံခဲ့ရသကဲ့သို့ အခြားဂုဏ်ပြုတင်စားမှုအချို့လည်းရရှိခဲ့သည်။ [၄][၅]
အောန်တားရီးယို၊ တင်းမင်းစ် တွင်ကြီးပြင်းခဲ့ပြီး ထွိန်းသည် သီချင်းဆိုခြင်း၊ တေးရေးခြင်းကို ၁၉၉၀ အစောပိုင်း မာကျူရီ နက်ရှ်ဗစ်လ် တေးသံသွင်း (Mercury Nashville Records) နှင့်သီဆိုမှုမတိုင်ခင် ငယ်စဉ်ကပင် လုပ်ဆောင်ခဲ့သည်။ သူမ၏ ကိုယ်ပိုင်အမည်ဖြင့်ထွက်ရှိသော ရှနိုင်းယား ထွိန်း တေးအယ်လ်ဘမ်သည် ၁၉၉၃တွင်ထွက်ရှိခဲ့ပြီး အကျိုးအမြတ်အောင်မြင်မှု မရှိသလောက်ဖြစ်ခဲ့သည်။[၆] ထုတ်လုပ်သူ (နောက်ပိုင်းတွင် အိမ်ထောင်ဘက်) Robert John "Mutt" Lange နှင့်ပူးပေါင်းဆောင်ရွက်ပြီးနောက် သူမ၏ဒုတိယမြောက် အခွေ The Woman in Me (၁၉၉၅) နှင့်အတူ နာမည်ကျော်ကြားလာခဲ့၏ ။ [၇] ထိုအခွေသည် သန်း(၂၀)ကျော်ရောင်းချခဲ့ရ၍ Any Man of Mine ကဲ့သို့ အောင်မြင်သည့် တေးသီချင်းများ ပါဝင်ကာ ဂရမ်မီဆုလည်းရရှိခဲ့သည်။ တတိယအခွေ Come On Over (၁၉၉၇) သည် မည်သည့်ဂီတအမျိုးအစားတွင်မဆို အမျိုးသမီးတေးသံရှင်တစ်ဦး၏ ရောင်းအားအကောင်းဆုံးတေးအယ်လ်ဘမ် စာရင်းထဲသို့ ဝင်ခဲ့သည်။ ကန်းထရီးအခွေအနေဖြင့် ရောင်းအားအကောင်းဆုံး အခွေဖြစ်၍ သန်းလေးဆယ်ကျော် ရောင်းချရပြီးဖြစ်သည်။[၈] Come On Over အခွေတွင် စုစုပေါင်း တေးသီချင်းအပုဒ် (၁၂)ပုဒ်ပါဝင်ပြီး You're Still the One ၊ From This Moment On နှင့် Man! I Feel Like a Woman! တို့အပါအဝင်ဖြစ်ကာ ဂရမ်မီ (၄)ဆုရရှိခဲ့သည်။ စတုတ္ထမြောက်အခွေ Up! (၂၀၀၂) သည် အမေရိကတွင် စိန်အဆင့်အတန်း ဖြင့် သတ်မှတ်ခံရ၏ ။
၂၀၀၄တွင် ထွိန်းသည် ဂီတလောကမှ ခေတ္တအနားယူခဲ့ပြီး Lyme disease ရောဂါ ကုသစစ်ဆေးခံနေကြောင်း နောက်ပိုင်းတွင် ဖော်ထုတ်ပြောဆိုခဲ့သည်။ dysphonia ခေါ်သည့် စကားပြောဆိုရာ၌ အခက်အခဲဖြစ်သည့်ရောဂါတစ်မျိုးသည် သူမ၏ သီဆိုသံအပေါ် ဆိုးဆိုးရွားရွား အားပျော့သွားစေခဲ့သည်။[၉][၁၀][၁၁][၁၂] ၂၀၁၁ တွင် အော်ပရာဝင်းဖရေး၏ ရုပ်သံတိုအတွဲများ၌ Why Not? ခေါင်းစဉ်ဖြင့် သူမ၏ အသံပိုင်းဆိုင်ရာပြန်လည်ပြုစုပျိုးထောင်ခြင်းအကြောင်း မှတ်တမ်းကို ပြောပြပါဝင်ခဲ့သည်။ ခြောက်နှစ်အတွင် သူမ၏ ပထမဆုံး အခွေ Today Is Your Day ကိုဖြန့်ချိခဲ့သည်။ From This Moment On အမည်ဖြင့် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကို ထုတ်ဝေခဲ့သည်။ နောက်တစ်နှစ်၌ ဖျော်ဖြေရေးလောကသို့ ပြန်ဝင်ရောက်ကာ ဆီဇာနန်းတော် ကိုလိုစီယမ်၌ ဧည့်ခံဖျော်ဖြေရေးများကို ပြုလုပ်ပြီး Shania: Still the One ဟူသည့်ပွဲကို ၂၀၁၄ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။ ၂၀၁၅တွင် သူမ၏နောက်ဆုံးဖျော်ဖြေရေးခရီးစဉ်ဟု ဖော်ပြသော Rock This Country Tour ကို မြောက်အမေရိကတွင် တင်ဆက်ခဲ့၏ ။[၁၃][၁၄] ထွိန်းသည် ၂၀၁၇၌ Now အမည်ဖြင့် တေးအခွေကိုထုတ်ဝေခဲ့ပြီး ၂၀၁၈၌ Shania Now ဖျော်ဖြေရေးခရီစဉ်ကို စတင်လုပ်ဆောင်ခဲ့သည်။
ထွိန်းသည် ဂရမ်မီဆု (၅)ဆု၊ BMI တေးရေးသူဆု (၂၇)ဆု၊ ကနေဒါဂုဏ်ပြုချီးမြှောက်မှု (Canada's Walk of Fame) ကြယ်ပွင့်၊ ဟောလိဝုဒ်ဂုဏ်ပြုချီးမြှောက်မှု (Hollywood Walk of Fame) ကြယ်ပွင့်၊ ကနေဒါဂီတဂုဏ်ပြုချီးမြှောက်မှု (Canadian Music Hall of Fame) တို့လည်းခံခဲ့ရသည်။[၁၅] အမေရိက တေးသံသွင်းလုပ်ငန်းအဖွဲ့ RIAA အရ သူမသည် စိန်အဆင့်အတန်း ဆက်တက်ရရှိသော အခွေ (၃)ခွေကို ပိုင်ဆိုင်ထားသည့် တစ်ဦးတည်းသော အမျိုးသမီးအနုပညာရှင်လည်းဖြစ်ကာ ။[၁၆] အမေရိကတွင် ဆဋ္ဌမမြောက် ရောင်းအားအကောင်းဆုံး အမျိုးသမီးအနုပညာရှင်လည်းဖြစ်၏ ။ နီးလ်ဆန် သီချင်း/အယ်လ်ဘမ် ရောင်းအားစာရင်းကောက်ယူမှု (Nielsen SoundScan)ခေတ်အတွင်း ထွိန်းကို ရောင်းအားအကောင်းဆုံး အနုပညာရှင် အဆင့်(၁၀)၌ သတ်မှတ်ထားသည်။[၁၇]