ဘရူနို မား(စ်) Bruno Mars | |
---|---|
Bruno Mars performing in Las Vegas, Nevada on September 19, 2010 | |
ကိုယ်ရေး အချက်အလက်များ | |
အမည်ရင်း | Peter Gene Hernandez |
မူလတိုင်းပြည် | လော့စ်အိန်ဂျယ်လိစ်မြို့၊ ကယ်လီဖိုးနီးယားပြည်နယ်၊ အမေရိကန် ပြည်ထောင်စု |
ဂီတဟန် | Pop, alternative hip hop, soul, reggae fusion , contemporary R&B |
အလုပ်အကိုင် | တေးရေးတေးဆို၊ တေးသီချင်း ထုတ်လုပ်သူ |
တူရိယာ | Vocals, drums, guitar, keyboard, bass |
တက်ကြွသည့်နှစ်များ | 1990–present |
တေးသံသွင်း ကုမ္ပဏီ | Atlantic, Elektra |
ပူးတွဲ ပါဝင်မှု | The Smeezingtons, B.o.B, Cee-Lo Green, Travie McCoy |
ဝက်ဘ်ဆိုက် | brunomars.com |
ဘရူနို မား(စ်) (Bruno Mars) ၏ အမည်ရင်းမှာ Peter Gene Hernandez ဖြစ်ပြီး အမေရိကန် တေးရေးတေးဆိုနှင့် တေးသီချင်း ထုတ်လုပ်သူ တစ်ဦးဖြစ်သည်။ ဟာဝိုင်ယီပြည်နယ် ဟိုနိုလူလူတွင် ကြီးပြင်းသည့် ဘရူနို မား(စ်) သည် ဂီတပညာရှင် မိသားစုမှ ဆင်းသက်လာသည့်အလျောက် ငယ်ရွယ်စဉ်ကပင် တေးသီချင်းများကို ဖန်တီးရေးသားခဲ့သည်။ ကလေးဘဝတလျှောက် မွေးရပ်ဇာတိမြေတွင် နေရာအသီးသီး၌ သီဆိုဖျော်ဖြေခဲ့သည်။ အထက်တန်းအောင်ပြီးနောက် ဂီတလုပ်ငန်းကို ဆက်လက် လုပ်ဆောင်နိုင်ရန် လော့စ်အိန်ဂျယ်လိစ်မြို့သို့ ပြောင်းရွှေ့ခဲ့သည်။ The Smeezingtons အဖွဲ့တွင် ပါဝင်ခဲ့ပြီး အခြားတေးသံရှင်များအတွက် တေးသီချင်းများကို စတင် ရေးသားပေးသည်။
ဖခင်ဖြစ်သူ Peter Hernandes မှာ ဂျူး၊ပေါ်တူဂီ အနွယ်ဝင်ဖြစ်ပြီး မိခင် Bernie ကတော့ ဖိလစ်ပိုင်၊စပိန်အစပ် ဖြစ်သည်။[၁][၂] မိခင်မှာ hula dancer တစ်ယောက်ဖြစ်ပြီး ဖခင်မှာ percussion တီးခတ်သူဖြစ်သည်။
သူတို့မိသားစုတွင် သားသမီးခြောက်ယောက်ရှိသည်။ ဦးလေးဖြစ်သူက Bruno အသက်သုံးနှစ်အရွယ်တွင် စင်ပေါ်တက်သီချင်းဆိုခိုင်းရာမှ ဂီတကို စိတ်ဝင်စားလာခဲ့သည်။ နောက်ပိုင်း မိသားစုပိုင် "The Love Notes" အဖွဲ့တွင် တစ်ပတ်ကို ငါးရက်ခန့် သီချင်းများ သီဆိုခဲ့သည်။[၃] အသက်သုံးနှစ်အရွယ် ၂၀၀၄ ခုနှစ်တွင် လော့စ်အိန်ဂျယ်လိစ်မြို့သို့ ပြောင်းရွှေ့လာခဲ့သည်။ အနုပညာအလုပ်များ လုပ်ကိုင်ရန် Bruno Mars အမည်ဖြင့် Motown Records နှင့် စာချုပ်ချုပ်ဆိုခဲ့သည်။[၄][၅] သို့သော်လည်း အောင်မြင်မှုမရခဲ့ပေ။ နောက်ပိုင်းတွင် တေးရေးနှင့် ထုတ်လုပ်သူ Phillip Lawrence တွေ့ဆုံခဲ့သည်။[၄] Phillip သည် Bruno အား Atlantic Records မှA&R Aaron Bay-Schuck နှင့် မိတ်ဆက်ပေးခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် Atlantic Records နှင့် စာချုပ်ချုပ်ဆိုခဲ့သည်။[၆]
Bruno Mars, Philip Lawrence နှင့် Ari Levine တို့ပူးပေါင်းကာ သီချင်းများ ရေးသားသီဆို ရောင်းချခဲ့ကြသည်။ ၂၀၀၉ ခုနှစ်တွင် record production အဖွဲ့ဖြစ်သော The Smeezingtons ကိုလည်း ဖွဲ့စည်းနိုင်ခဲ့သည်။ ထို record production team သည် အနုပညာရှင်တော်တော်များများနှင့် လက်တွဲနိုင်ခဲ့ပြီး အောင်မြင်မှုများရခဲ့သလို ASCAP Pop Music Awards for Songwriters အစရှိသည့် ဆုများလည်း ရရှိခဲ့သည်။ Bruno ရေးသားပေးခဲ့သော Right Round , Waving Flag, Billionaire, Long Distance, All I Ask, Can We Dance စသည့်သီချင်းများသည် အောင်မြင်ခဲ့ပြီး Alexandra Burke, Travie McCoy, Adam Levine, Brandy, Sean Kingston, Alicia Keys, Adele, Flo Rida စသောအနုပညာရှင်များအတွက်လည်း သီချင်းများ ရေးသားခဲ့သည်။
Bruno တွင် US Billboard No.1 ဖြစ်ခဲ့သောသီချင်း ၆ ပုဒ်ရှိသည်။
နောက်ထပ် Billboard Hot 100 စာရင်းတွင် ပါဝင်ခဲ့သော သီချင်းများမှာ
၂၀၁၀ နောက်ပိုင်း No.1 Single အများဆုံးရရှိထားသော Artist များထဲတွင် Rihanna (9) နဲ့ Katy Perry (8) ပြီးနောက် တတိယမြောက်နေရာတွင် Bruno Mars ကရပ်တည်နေသည်။ single နှစ်ပုဒ် Billboard Top Ten တွင် တပြိုင်နက်တည်းစာရင်းဝင်သော ပထမဆုံး အမျိုးသားအဆိုရှင်တစ်ဦးလည်း ဖြစ်သည်။[၇]